အာဏာရှင်စနစ်တော်လှန်သူအားလုံးကို ကူညီမယ်လို့ KIO အထွေထွေအတွင်းရေးမှူး ပြောကြား
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးလနန် က မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ့် အဖွဲ့အစည်းအားလုံးကို KIO အနေနဲ့ အတတ်နိုင်ဆုံး ကူညီနေသလို နည်းပေါင်းစုံနဲ့ ဆက်လက်ကူညီမှာလည်းဖြစ်တယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
- 2022-08-15
-
-
-
၂ဝ၂၁ ခုနှစ် မေလ ၁၉ ရက်နေ့က ဖားကန့်မြို့ တာမခန်မြို့သစ်တွင် ကျင်းပသော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု မြင်ကွင်း။
Photo: Citizen Journalist
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးလနန် က မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ့် အဖွဲ့အစည်းအားလုံးကို KIO အနေနဲ့ အတတ်နိုင်ဆုံး ကူညီနေသလို နည်းပေါင်းစုံနဲ့ ဆက်လက်ကူညီမှာလည်းဖြစ်တယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်ရဲ့ အခြေအနေ၊ စစ်တပ်အာဏာသိမ်းမှုနဲ့၊ လတ်တလော နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်မှု၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး၊ တော်လှန်ရေးအဖွဲ့တွေကို KIA က အကူညီပေးနေမှု စတာတွေနဲ့ ပတ်သက်ပြီး ဦးလနန် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။