ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး KHCC ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းချက်
၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၇၀၀ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောပါတယ်။
-
ဝေမာထွန်း
2021-01-15 -
-
-
၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၇၀၀ နေရပ်ပြန်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ KHCC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောပါတယ်။
နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ပေးဖို့ အစိုးရ၊ တပ်မတော်၊ KHCC နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တို့ ပူးပေါင်းဆောင်ရွက်နေတာပါ။
ပြီးခဲ့တဲ့နှစ်က အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၂၄၀ ကျော်နေရပ်ပြန်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လထဲမှာ မူလပူတာအို ဒေသခံတွေ အိမ်ခြေ ၇၀ နီးပါးလောက် နေရပ်ပြန်နိုင်ရေး စီစဉ်နေတယ်လို့ ပြောပါတယ်။
ဒီနေ့မှာလည်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်လို့ မြစ်ကြီးနားမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကချင်လူသားချင်းစာနာထောက်ထားမှု ကော်မတီ (KHCC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။