NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ RFA တွေ့ဆုံမေးမြန်းချက် (ပထမပိုင်း)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

Photo: RFA

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၂ ရက်နေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

ဒေါ်ဇင်မာအောင်ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရပိုင်းက ခေါင်းဆောင်တွေအပြင် ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင် တချို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေတာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့လည်း မေလ ၁၄ ရက် မနက်ဖြန်တွေ့ဆုံမှာ ဖြစ်ပါတယ်။

အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA ရုံးချုပ်မှာ ဦးခင်မောင်စိုးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org