ဘုတလင်ဒေသခံတစ်ဦးနဲ့ RFA မေးမြန်းချက်
လူတွေကို ကြက်ကလေး၊ ငှက်ကလေးလို သဘောထား သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်းပုံတွေနဲ့ ဗီဒီယိုတွေ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။
-
စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024-10-21 -
-
-
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာအတွင်း မီးရှို့ခံရပြီး ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဥ်။
Citizen Photo
စစ်ကိုင်းတိုင်း ဘုတလင်နဲ့ အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူတွေကို ကြက်ကလေး၊ ငှက်ကလေးလို သဘောထား သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်းပုံတွေနဲ့ ဗီဒီယိုတွေ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး လူအများလည်း ရှုတ်ချနေပါတယ်။
အဲဒီဒေသမှာ လူတွေကို ဘယ်လိုသတ်ဖြတ်သွားပါသလဲ... ။ ဒေသခံတစ်ဦးကို RFA သတင်းထောက်စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။