နိုင်ငံတကာမှာ NUG အစိုးရ တရားဝင်မှု ဘယ်လောက်ရှိပြီလဲ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရုံးဖွင့်ခွင့်ရတာဟာ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတာပဲလို့ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး။ Photo: RFA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရုံးခန်းတွေကို အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ ချက်နဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတို့မှာ ဖွင့်လှစ်ထားပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီရုံးကိုတော့ မနေ့က ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီလို အမေရိကမှာ ရုံးဖွင့်ခွင့်ရတာဟာ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုတာပဲလို့ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

နိုင်ငံတကာမှာ NUG အစိုးရ တရားဝင်မှု ဘယ်လောက်ရပြီလဲဆိုတာ ဝန်ကြီး ဦးမိုးဇော်ဦးကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org