CDM ဝန်ထမ်းလစာပေးမှာဖြစ်သလို၊ စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ရပ်တန့်မယ်လို့ NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ ဝင်ငွေရရှိနေတာကို ရပ်တန့်အောင် ကြိုးစားသွားမှာဖြစ်သလို၊ CDM ဝန်ထမ်းလစာတွေကို ပေးနိုင်အောင် ကြိုးစားနေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောလိုက်ပါတယ်။

NUG စီမံကိန်း၊ ဘဏ္ဍရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် ကို တွေ့ရစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကနေ ဝင်ငွေရရှိနေတာကို ရပ်တန့်အောင် ကြိုးစားသွားမှာဖြစ်သလို၊ CDM ဝန်ထမ်းလစာတွေကို ပေးနိုင်အောင် ကြိုးစားနေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောလိုက်ပါတယ်။

ဦးတင်ထွန်းနိုင်ကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်ရှိ ဘဏ်လုပ်ငန်းအခြေအနေ၊ ဘဏ္ဍရေးအခြေနေနဲ့ CDM အာဏာဖီဆန်ရေးလုပ်နေတဲ့ ဝန်ထမ်းအားလုံး ကို လာစာပေးနိုင်အောင် ကြိုးစားနေတဲ့အခြေအနေတွေကို မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org