မြန်မာနိုင်ငံမှာ အချိုးဖောက်ခံရဆုံး လူ့အခွင့်အရေးအချက် ငါးချက်

လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ပျက်နဲ့ကျော်ကြားတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ တရားစီရင်ရေးမဏ္ဏိုင် အားနည်းချက်တွေနဲ့ ကလေးသူငယ်တွေ အခွင့်အရေး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။

Equality Myanmar အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနဲ့ RFA ဝိုင်းတော်သား စောဖိုးခွား။ Photo: RFA

ဒီကနေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ပျက်နဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပြည်တွင်းစစ် တိုက်ပွဲတွေအတွင်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ တရားစီရင်ရေးမဏ္ဏိုင်ရဲ့ အားနည်းချက်တွေနဲ့ ကလေးသူငယ်တွေ အခွင့်အရေးဆုံးရှုံးမှုတွေဟာ မြန်မာနိုင်ငံမှာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အချက်ငါးချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကပြောပါတယ်။

Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေကို သင်တန်းပို့ချပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သား စောဖိုးခွား မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org