ဖုယင်အထည်ချုပ်အလုပ်သမားအရေး မပြေလည်သေး

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က တရုတ်လုပ်ငန်းရှင်ရဲ့ ဖုယင်အထည်ချုပ်စက်ရုံမှာ သပိတ် မှောက်နေတဲ့အလုပ်သမားတွေအရေးက ၁၈ ရက်ကြာလာပေမယ့် ဖြေရှင်းလို့မရသေးပဲဖြစ်နေ ပါတယ်။

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က တရုတ်လုပ်ငန်းရှင်ရဲ့ ဖုယင်အထည်ချုပ်စက်ရုံမှာ သပိတ် မှောက်နေတဲ့အလုပ်သမားတွေအရေးက ၁၈ ရက်ကြာလာပေမယ့် ဖြေရှင်းလို့မရသေးပဲဖြစ်နေ ပါတယ်။

အကြောင်းမရှိအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်အယောက် ၃၀ ကိုအလုပ်ပြန်ခန့်ဖို့၊ အချိန်ပိုလုပ်ခလစာပေးဖို့၊ စက်ရုံထဲမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် မီးပူတိုက်တဲ့အဆောင်မှာ အပူအအေးမျှတအောင်ဆောင်ရွက်ပေးဖို့ဆိုတဲ့အချက်တွေအပါအဝင် ၉ ချက်တောင်းဆိုနေတာပါ။

စက်ရုံမှာ အလုပ်သမား ၉ ရာကျော်ရှိပြီး၊ ၃ ရာကျော်ကသပိတ်မှောက်နေသလို၊ ကျန်တဲ့အလုပ် သမားတွေထဲမှာ သပိတ်မှောက်တဲ့အထဲလဲမပါ၊ အလုပ်လဲမဆင်းကြတဲ့သူတွေလဲ တော်တော်များများ ရှိနေပါတယ်။ အလုပ်သမားအများစုက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ အညာဒေသတွေကဖြစ်ပြီး အမျိုးသမီးအများစုဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ အလုပ်ထုတ်ခံထားရတဲ့ သမဂ္ဂခေါင်းဆောင် မသက်ထားဆွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org