NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ RFA တွေ့ဆုံမေးမြန်းခန်း (ဒုတိယပိုင်း)
အမေရိကန်က NUG ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုသေးပေမယ့် နိုင်ငံရေးအရရော ရင်းနှီးတဲ့မိတ်ဆွေအဖြစ်ပါ လက်ခံပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022-05-13 -
-
-
အမေရိကန်က NUG ကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုသေးပေမယ့် နိုင်ငံရေးအရရော ရင်းနှီးတဲ့မိတ်ဆွေအဖြစ်ပါ လက်ခံပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဦးခင်မောင်စိုးက RFA ရုံးချုပ်မှာ မေ ၁၂ ရက်က တွေ့ဆုံမေးမြန်းထားပါတယ်။
NUG နဲ့ အမေရိကန်ဆက်ဆံရေး တိုးတက်မှုအပါအဝင် တရုတ်၊ ရုရှားနဲ့ စစ်ကောင်စီဆက်ဆံရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပိုပြီး အထီးကျန်လာတဲ့ စစ်ကောင်စီ၊ နိုင်ငံတကာ အာရုံစိုက်မှုရလာတဲ့ မြန်မာ့ဒီမိုကရေစီရေး၊ NUG က ပြဿနာရှာနေတာမဟုတ်ဘဲ အဖြေရှာနေတဲ့အကြောင်း… စတာတွေကို မေးမြန်းထားပါတယ်။