ဥရောပ-အာဆီယံ လူ့အခွင့်အရေးဆွေးနွေးပွဲ စစ်ကောင်စီကိုဖိတ်လို့ ကန့်ကွက်ကြ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ကန့်ကွက်ကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၃ ရက်နေ့၊ ဒီနေ့စတင်ကျင်းပနေတဲ့ ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကို တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်ကြားတာကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ အလားတူ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြပါတယ်။

တဖက်မှာလည်း လာမယ့်နိုဝင်ဘာလအတွင်း ဥရောပပါလီမန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် သုံးသပ်ဖို့ရှိပြီး အဲ့ဒီအစည်းအဝေးတွေမှာ လေယာဉ်ဆီပိတ်ဆို့မှုအပါအဝင် ပိုမိုထိရောက်တဲ့ ပိတ်ဆို့မှုတွေချမှတ်လာနိုင်စရာရှိတယ်လို့ မကြာသေးခင်ကပဲ ဥရောပပါလီမန်အမတ်တွေနဲ့တွေ့ဆုံခဲ့တဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကပြောပါတယ်။

ဝန်ကြီးဦးအောင်မျိုးမင်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org