ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူငွေ ကျပ်သိန်း ၈ သောင်း ရရှိခဲ့

ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဟာ စတင်ထူထောင်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကနေ အခုအချိန်ထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ်သိန်းပေါင်း ၈ သောင်း ရရှိခဲ့ပြီဖြစ်ပြီး ၆ဝ% ဟာ ပြည်တွင်းအလှူရှင်တွေထံကဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဟာ စတင်ထူထောင်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကနေ အခုအချိန်ထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ်သိန်းပေါင်း ၈ သောင်း ရရှိခဲ့ပြီဖြစ်ပြီး ၆ဝ% ဟာ ပြည်တွင်းအလှူရှင်တွေထံကဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်း၊ ရွှေ့လျှားစာကြည့်တိုက်၊ ဟိုတယ်နဲ့ ချက်နည်းပြုတ်နည်း သင်တန်းတွေနဲ့ ပတ်သက်ပြီး အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org