ဒေါ်အောင်ဆန်းစုကြည် ဘားအံခရီးစဉ်အကြောင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် ဘားအံမြို့က ရေဘေးကယ်ဆယ်ရေး စခန်းတွေကို ဒီနေ့သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံခဲ့သလို ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
-
2018-07-26 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် ဘားအံမြို့က ရေဘေးကယ်ဆယ်ရေး စခန်းတွေကို ဒီနေ့သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံခဲ့သလို ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ဒီနေ့ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ဖျက်သိမ်းလိုက်ပြီး၊ အဲဒီအစား
ရေဘေးဒုက္ခသည်တွေကို လာရောက်တွေ့ဆုံမယ်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့ညပိုင်းကမှ အကြောင်းကြားလာတာလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောပါတယ်။ ဝန်ကြီးဦးတေဇထွဋ်လှိုင်ထွေးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။