ပူပြင်းတဲ့ရာသီအတွင်း ရန်ကုန်မြို့က လှုပ်ရှားသွားလာနေကြရသူများ

အပူချိန်ပြင်းပြင်းကို ရင်ဆိုင်နေရပေမယ့် စားဝတ်နေရေးအတွက် နိစ္စဓူ၀ အလုပ်လုပ်ကိုင်နေကြရသူတွေကတော့ ပူပြင်းတဲ့ အပူဒဏ်ကို အန်တုရင်း ရုန်းကန်နေကြရပါတယ်။

RFA

မြန်မာနိုင်ငံမှာ ဒီနှစ်နွေရာသီ အပူချိန် ပြင်းထန်နေပြီး ရန်ကုန်မြို့အပါအဝင် မြန်မာပြည်အောက်ပိုင်းက တချို့မြို့နယ်တွေမှာ ၄၂ ဒီဂရီစင်တီဂရိတ်ကနေ ၄၃ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိနေပါတယ်။

Photo: RFA

မြန်မာပြည်အလယ်ပိုင်းက တချို့မြို့နယ်တွေမှာတော့ အဲဒီအပူချိန်ထက်တောင် ပိုနေတယ်လို့ ဒေသခံတွေက ပြောသလို မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေမှာလည်း တွေ့ရပါတယ်။

Photo: RFA
Photo: RFA

အပူချိန်ပြင်းပြင်းကို ရင်ဆိုင်နေရပေမယ့် စားဝတ်နေရေးအတွက် နိစ္စဓူ၀ အလုပ်လုပ်ကိုင်နေကြရသူတွေကတော့ ပူပြင်းတဲ့အပူဒဏ်ကို အန်တုရင်း ရုန်းကန်နေကြရပါတယ်။

Photo: RFA

ဒီအထဲမှာ အပူဒဏ်ကာကွယ်ဖို့အတွက် ထီး၊ ဦးထုပ်တွေနဲ့ အပြင်ဘက် သွားလာနေသူတွေလည်းရှိသလို ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ကြရင်း အပူရှောင်နိုင်အောင် ခေတ္တခဏလာရောက်နားခိုကြသူတွေလည်း တွေ့ရပါတယ်။

Photo: RFA
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org