ပူပြင်းတဲ့ရာသီအတွင်း ရန်ကုန်မြို့က လှုပ်ရှားသွားလာနေကြရသူများ
RFA Burmese
2023.04.26
2023.04.26
မြန်မာနိုင်ငံမှာ ဒီနှစ်နွေရာသီ အပူချိန် ပြင်းထန်နေပြီး ရန်ကုန်မြို့အပါအဝင် မြန်မာပြည်အောက်ပိုင်းက တချို့မြို့နယ်တွေမှာ ၄၂ ဒီဂရီစင်တီဂရိတ်ကနေ ၄၃ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိနေပါတယ်။

မြန်မာပြည်အလယ်ပိုင်းက တချို့မြို့နယ်တွေမှာတော့ အဲဒီအပူချိန်ထက်တောင် ပိုနေတယ်လို့ ဒေသခံတွေက ပြောသလို မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်တွေမှာလည်း တွေ့ရပါတယ်။


အပူချိန်ပြင်းပြင်းကို ရင်ဆိုင်နေရပေမယ့် စားဝတ်နေရေးအတွက် နိစ္စဓူ၀ အလုပ်လုပ်ကိုင်နေကြရသူတွေကတော့ ပူပြင်းတဲ့အပူဒဏ်ကို အန်တုရင်း ရုန်းကန်နေကြရပါတယ်။

ဒီအထဲမှာ အပူဒဏ်ကာကွယ်ဖို့အတွက် ထီး၊ ဦးထုပ်တွေနဲ့ အပြင်ဘက် သွားလာနေသူတွေလည်းရှိသလို ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ကြရင်း အပူရှောင်နိုင်အောင် ခေတ္တခဏလာရောက်နားခိုကြသူတွေလည်း တွေ့ရပါတယ်။
