လယ်သမားတွေရဲ့ လယ်ယာဝင်ချိန်
ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်း ဒလမြို့နယ်က လယ်သမားတွေလည်း လယ်ယာလုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေပါပြီ။
-
RFA Burmese
2023-08-16 -
-
-
မြန်မာနိုင်ငံက ဝါဆို၊ ဝါခေါင်လ မိုးရာသီကာလ တောင်သူလယ်သမားတွေ လယ်ယာလုပ်ငန်းခွင်ဝင်ပြီး ဆန်စပါးစိုက်ဖို့ ပြင်ဆင်ကြပါတယ်။
ရန်ကုန်မြစ်ရဲ့ တစ်ဘက်ကမ်း ဒလမြို့နယ်က လယ်သမားတွေလည်း လယ်ယာလုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေပါပြီ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး စိုက်ပျိုးစာရိတ်ကြီးမြင့်လာပေမယ့် အခက်အခဲအမျိုးမျိုးကြားကပဲ လယ်သမားတွေဟာ သူတို့ရဲ့ မိရိုးဖလာ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြတာပါ။
မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းဝန်းကျင်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တုန်းက ပြောဆိုခဲ့ပါတယ်။