ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခုတွင် လာရောက်ဝယ်ယူနေကြသူများအား တွေ့ရစဉ်။
ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံတွင် ကြက်သွန်အိတ်များ သယ်နေကြသော အလုပ်သမားများကို တွေ့ရစဉ်။
ကုန်တင်ကားပေါ်မှ ကြက်သွန်အိတ်များအား ပွဲရုံဆီ သယ်နေကြသော ကုန်တင်ကုန်ချ အလုပ်သမားများ။
ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူလက်ကားဒိုင်တစ်ခုတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦး။
ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခုဆီ ကြက်သွန်အိတ်များ သယ်ဆောင်ပေးနေသော အလုပ်သမားတချို့ကိုတွေ့ရစဉ်။
ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခုတွင် ဝယ်ယူနေသူတစ်ဦးအား တွေ့ရစဉ်။
ဘုရင့်နောင်ပွဲရုံအနီးတဝိုက်က ကုန်စည်လှည်း မောင်းနှင်သူတစ်ဦး။
ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခု၏ ဆိုင်အတွင်းဘက် မြင်ကွင်းတစ်ခု။
ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခုတွင် ဆိုင်ခင်းကျင်း ပြင်ဆင်နေစဉ်။
ဘုရင့်နောင်ပွဲရုံအနီးတဝိုက်တွင် ကုန်စည်လှည်းဖြင့် သယ်ယူပို့ဆောင်ပေးနေကြသူတချို့ကို တွေ့ရစဉ်။
ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်လက်ကားဒိုင်တစ်ခုတွင် ဆိုင်ခင်းကျင်း ရောင်းချနေကြသူများ။

ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံဟာ အခြေခံစားသောက်ကုန်တွေ လက်လီလက်ကား ရောင်းချပေးနေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပွဲရုံတန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီပွဲရုံတန်းကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ပိတ်ထားခဲ့ရပြီး အခုလုပ်ငန်း ပုံမှန်လည်ပတ်နေပေမယ့် အရင်လို အရောင်းအဝယ်မကောင်း၊ ကုန်စည်စီးဆင်းနိုင်ခြင်း မရှိဘူးလို့ စုံစမ်းသိရပါတယ်။
စစ်အာဏာသိမ်းမှုဒဏ်အောက် အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူ တချို့လည်း ဒီပွဲရုံတန်းကို မှီခိုပြီး နေ့စားခနဲ့ ကုန်စည်လှည်း လာတွန်းတာတွေ ရှိနေပါတယ်။
"အရင်က ပန်းရန်လုပ်တယ်။ အခုကျတော့ အလုပ်မရှိလို့ အဆင်မပြေဘူး။ အဲဒါကြောင့် လှည်းလာတွန်းနေရတာ။ ပိုက်ဆံရတဲ့အခါလည်း ရတာပေါ့။ မရတဲ့အခါလည်း မရဘူးပေါ့" လို့ ကုန်ထမ်းအလုပ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
ဘုရင့်နောင်ပွဲရုံဟာ ငါးပိငါးခြောက်၊ ဆန်၊ ပဲ၊ ဆီ၊ ဆား၊ ကြက်သွန်စတဲ့ အခြေခံ စားသောက်ကုန်တွေ တစ်နိုင်ငံလုံးကို လက်လီလက်ကား ဖြန့်ဖြူး ရောင်းချပေးနေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ နှစ်ဆတိတိ ထိုးတက်နေတယ်လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတွေက RFA ကို ပြောပါတယ်။