ရန်ကုန်မြို့လယ်က စစ်ကောင်စီရဲ့ ဘန်ကာများ
နိုင်ငံတဝန်းမှာ လက်နက်ကိုင် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီကို ချောင်းမြောင်း တိုက်ခိုက်နေကြပါတယ်။ ရန်ကုန်မြို့ နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘန်ကာတွေ ဆောက်လုပ်ပြီး လက်နက်ကိုင် စောင့်ကြပ်နေကြပါတယ်။
- 2021-11-22
-
-
-
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြရာက အခုဆိုရင် လက်နက်ကိုင် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေကြတာ တွေ့ရပါတယ်။
ရန်ကုန်မြို့ နေရာအနှံ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘန်ကာတွေ ဆောက်လုပ်ပြီး လက်နက်ကိုင် စောင့်ကြပ်နေကြတာ တွေ့ရပါတယ်။
အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ စစ်ကောင်စီ ရုံးစိုက်တဲ့နေရာတွေမှာ အကာအရံတွေ ဘန်ကာတွေ ဆောက်လုပ်ထားတာလည်း တွေ့ရပါတယ်။