စစ်တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာများ

စစ်တွေမြို့နယ် ဗေဒါကျေးရွာကို ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၂၁ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Maxar Technologies; Planet Lab)

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကို ၁၃၇ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့တာပါ။ မုန်တိုင်းကြောင့် လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရပြီး ရိုဟင်ဂျာမွတ်စလင်တွေ အများစုဖြစ်ပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗေဒါရွာကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗေဒါရွာကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်တွေမြို့နယ် အောင်ပင်လယ်ကျေးရွာကို ၂၀၂၃ ဧပြီ ၁၄ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၂၁ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Maxar Technologies; Planet Lab)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်း ၁၃ ခုမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းနှစ်သောင်း ခိုလှုံနေပါတယ်။ တစ်ပြည်နယ်လုံးမှာတော့ ရိုဟင်ဂျာစခန်း ၂၁ ခု ရှိပြီး၊ ဒုက္ခသည် နှစ်သိန်းလေးသောင်းကျော် ရှိပါတယ်။ စစ်ကောင်စီက စီစဉ်ပေးထားတဲ့ အဲဒီစခန်းတွေဟာ သဘာဝဘေးဒဏ်ခံနိုင်လောက်အောင် ခိုင်ခိုင်မာမာမရှိပါဘူး။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘာဆာရာရွာကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘာဆာရာရွာကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်တွေတက္ကသိုလ်ကို ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၁၈ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Google Earth; Planet Lab)

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ စစ်တပ်နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာတစ်သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီထဲက ရိုဟင်ဂျာ ခုနစ်သိန်းလေးသောင်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ အဲဒီဒုက္ခသည်စခန်းတွေဟာလည်း မိုခါမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်တွေမြို့နယ် အောင်ပင်လယ်ကျေးရွာကို ၂၀၂၃ ဧပြီ ၁၄ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၂၁ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Maxar Technologies; Planet Lab)

မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အပျက်အစီး အများအပြား ရှိခဲ့ပြီး အမိုးအကာ၊ ရေသန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာ အရေးတကြီးလိုအပ်နေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ရေသန့်မရလို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကြုံနေရပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇော်မဒက်ကျေးရွာက အခြေခံပညာ မူလွန်ကျောင်း ပြိုကျပျက်စီးနေသည်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇော်မဒက်ကျေးရွာက အခြေခံပညာ မူလွန်ကျောင်း ပြိုကျပျက်စီးနေသည်ကို ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)