ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်မြင်ကွင်း
2022.07.12
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်မနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ကို ဘုရားဖူးလာရောက်သူတွေ အများအပြား တွေ့ရပါတယ်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် ရွှေတိဂုံစေတီတော်ကို ဘုရားဖူးလာရောက်သူ နည်းပါးခဲ့ပေမယ့် လပြည့်နေ့နဲ့ ရုံးပိတ်ရက်တွေမှာတော့ လာရောက်သူ အရင်ထက် များလာတာကို တွေ့ရတာပါ။