အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၃၀၀ ကျော်ပြန်လွတ်
RFA Burmese
2023.05.03
2023.05.03
အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက မေလ ၃ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကလည်း ဒီနေ့မှာ အကျဉ်းသား ၃၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။