ရခိုင်ကမ်းရိုးတန်းတလျှောက်က မုန်တိုင်းဒဏ်ခံပြည်သူများ
မုန်တိုင်းဒဏ်ကြောင့် ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေအကြား ရခိုင်ကမ်းရိုးတန်းတလျှောက်က ကျေးရွာတွေမှာ စားစရာအခက်အခဲ တွေ့နေပြီး အိမ်ထောင်စု သိန်းနဲ့ချီပြီး အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။
- 2023-05-19
-
-
-
ရခိုင်ကမ်းရိုးတန်းတလျှောက်က မုန်တိုင်းဒဏ်ခံပြည်သူများကို တွေ့ရစဉ်။
Facebook/ Wai Hnin Aung
အင်အားပြင်းထန်တဲ့ မိုခါ ဆိုက်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် အိမ်ထောင်စု သိန်းနဲ့ချီပြီး အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။
ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေအကြား ရခိုင်ကမ်းရိုးတန်းတလျှောက်က ကျေးရွာတွေမှာ စားစရာအခက်အခဲ တွေ့နေပါတယ်။
သောက်ရေကန်တွေမှာ ဆားငံရေ ဝင်နေတဲ့အတွက် သောက်စရာပါ မကျန်တော့တဲ့အထိ မုန်တိုင်းဒဏ်ကို ခံခဲ့ကြရပါတယ်။
လောလောဆယ် အဲဒီဒေသကို စေတနာရှင် ကယ်ဆယ်ကူညီရေးအဖွဲ့တချို့ သွားရောက်ကူညီပေးနေပါတယ်။