ပြန်လည်တည်ငြိမ်စပြုလာတဲ့ ဘူးသီးတောင်မြို့
2023.11.01
ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်ကြောနဲ့ မေယုမြစ်ကြားက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ကြတဲ့ ဘူးသီးတောင်မြို့ကို အောက်တိုဘာလ ၃၁ ရက်နေ့က မြင်တွေ့ရတာပါ။
မေယုမြစ်ကမ်းဘေးက ဘူးသီးတောင် မြို့မစျေးမှာလည်း စျေးရောင်း၊ စျေးဝယ်သူတွေနဲ့ စည်ကားနေပြီး အနီးတစ်၀ိုက်ကျေးရွာတွေက ရေလမ်း၊ ကုန်းလမ်းနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်ကြပါတယ်။
၂၀၁၉ ခုနှစ်ကစလို့ ရက္ခိုင့်တပ်တော် (AA)၊ စစ်တပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဘူးသီးတောင်မြို့ဟာ အသွားအလာ ကန့်သတ်ခံခဲ့ရပြီး လက်ရှိမှာတော့ ဒေသတည်ငြိမ်နေတာကြောင့် လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်နိုင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာတော့ AA ပါဝင်ပြီး ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ရပ်နေတဲ့ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရခိုင်လူထုကြား မှာရှိနေပါတယ်။