သာကေတမှာ ကြက်ဥဆယ်လုံး ငွေတစ်ရာ၊ ဆန်တစ်ပြည်ငွေတစ်ရာနဲ့ရောင်းချပေး

စစ်အာဏာရှင်လက်ထက် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်ပြီး မီးဖိုချောင်စရိတ် ကြီးမားနေချိန်မှာ အခုလို အလကားနီးပါးဈေးနှုန်းနဲ့ ဝယ်ခွင့်ရဖို့ မလွယ်ဘူးလို့ တန်းစီစောင့်ဆိုင်းနေသူတချို့က ပြောပါတယ်။

RFA

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ်၄/မြောက်ရပ်ကွက်မှာ ကြက်ဥဆယ်လုံးပါ တစ်ကတ်ကို ကျပ်ငွေတစ်ရာ၊ ဆန်တစ်ပြည်ကို ကျပ်တစ်ရာနဲ့ ဝယ်ယူဖို့ ရာနဲ့ချီတဲ့ လူတန်းရှည်ကြီး စောင့်ဆိုင်းနေကြတဲ့မြင်ကွင်း ဖြစ်ပါတယ်။

Photo: RFA

Photo: RFA

စစ်အာဏာရှင်လက်ထက် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်ပြီး မီးဖိုချောင်စရိတ် ကြီးမားနေချိန်မှာ အခုလို အလကားနီးပါးဈေးနှုန်းနဲ့ ဝယ်ခွင့်ရဖို့ မလွယ်ဘူးလို့ တန်းစီစောင့်ဆိုင်းနေသူတချို့က ပြောပါတယ်။

Photo: RFA

ရောင်းချဖို့ပြင်ဆင်ထားတဲ့ နေအိမ်ရှေ့ကို နေ့လည် ၁၂ နာရီကတည်းက ဝယ်ယူဖို့ တန်းစီနေကြသူတွေရှိတယ်လို့ သာကေတမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

Photo: RFA

"ဒီသတင်းကို ဖေ့ဘုတ်စ်က တွေ့တာ။ ဝယ်ဖို့လာတန်းစီနေတာ နေ့လည် ၁၂ နာရီကတည်းကပါ။ ကြက်ဥတစ်လုံး ၂၅၀၊ ဆန်တစ်ပြည်ကို အကြမ်းတောင် ၁၆၀၀ ရှိတယ်။ အဲဒါကြောင့်မို့လို့ မရမှာစိုးလို့ အစောကြီးကတည်းက လာတန်းစီတာပါ။ ဒီလိုအလှူတွေများလေလေ ကျွန်မတို့လို အခြေခံလူတန်းစားတွေ အသက်ရှူချောင်လေပေါ့"

Photo: RFA

Photo: RFA

အခုလို မယုံနိုင်စရာဈေးနှုန်းနဲ့ အရှုံးခံရောင်းချပေးခဲ့တဲ့ အလှူရှင်ကတော့ သာကေတမြို့နယ် အောင်ဇေယျလမ်းက JP Star ဘေထုပ်လက္ကားဖြန့်ချိရေးဆိုင် ဖြစ်ပါတယ်။ မူလက လူအယောက်ငါးရာစာလောက် ရောင်းချပေးဖို့ စီစဉ်ထားပေမယ့် သတင်းအရ လာရောက်တန်းစီသူ တစ်ထောင်ကျော်ကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

Photo: RFA

ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် အခုနောက်ပိုင်းမှာ စားအုန်းဆီ၊ ဆန်၊ ကြက်ဥ… စတဲ့ စားသောက်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချတဲ့မြို့နယ်တွေမှာ ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးတွေကို ပိုတွေ့လာရတာ ဖြစ်ပါတယ်။

Photo: RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org