ပူတာအိုက စစ်ဘေးဒုက္ခသည်တွေ ဝမ်းရေးကြောင့် နေရပ်ပြန်ဖို့ မျှော်လင့်နေ

RFA Burmese
2023.08.17
ပူတာအိုက စစ်ဘေးဒုက္ခသည်တွေ ဝမ်းရေးကြောင့် နေရပ်ပြန်ဖို့ မျှော်လင့်နေ ပူတာအိုမှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ် မချမ်းဘောမြို့နယ် ဇီဒမ်းရွာအနီးက နေရာသစ်မှာ ပြန်လည်အခြေချ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲရှိလို့ မူလနေရပ်ပြန်နိုင်ဖို့ကို မျှော်လင့်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ဩဂုတ်လ ၁၇ ရက်မှာ ပြောပါတယ်။

ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၁၃ ခုနှစ်ကတည်းက ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေ ထဲက ရွာပေါင်းငါးရွာက ဒေသခံတွေဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ပူတာအိုမြို့ပေါ်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

ပူတာအိုမှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပူတာအိုမှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ဘေးဒုက္ခသည်တွေအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဦးဆောင်ပြီး ၂၀၂၁ ခုနှစ် မေလမှာ မချမ်းဘောမြို့နယ် ဇီဒမ်းရွာအဝင်နားက မြေလွတ်မြေရိုင်းပေါ်မှာ ပြန်လည်နေရာချထားပေးခဲ့တာပါ။ အိမ်ထောင်စုတစ်ခုကို ခြံဝင်းတစ်ဝင်းနဲ့ နေအိမ်တစ်လုံးရှိပြီး လက်ရှိမှာ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၃၀၀ ကျော် နေထိုင်နေပါတယ်။

ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နေထိုင်ဖို့အတွက် မြေနေရာ ရရှိပေမယ့် ဝမ်းရေးအတွက်တော့ ကြုံရာကျပန်းအလုပ်နဲ့ပဲ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဆရာမက ပြောပါတယ်။

"နေစရာအတွက်က အဆင်ပြေမေယ့် စားရေးသောက်ရေးအတွက်က အတော်လေး ဒုက္ခရောက်တယ်။ လူငှားလုပ်ဖို့လည်း အလုပ်မရှိ၊ လယ်စိုက်ဖို့လည်း လယ်မရှိနဲ့ဆိုတော့ အရမ်းဒုက္ခရောက်တယ်။ ဒီမှာအကုန် မိန်းမတွေပဲ ကျန်ခဲ့တာ။ ယောကျ်ားတွေက အမဲလိုက်၊ လူငှားလုပ်၊ တောထဲဆေးမြစ်ရှာ ဒီလိုပဲ အသက်ရှင်နေရတယ်"

ပူတာအိုမှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပူတာအိုမှ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ဖို့ စိုက်ပျိုးမြေတွေမရှိတာကြောင့် မူလနေရပ်ကိုပဲ ပြန်ချင်တယ်လို့လည်း စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"ဟိုမှာက အစားအသောက်အတွက် ဘာမှပူစရာမလိုဘူး။ ကိုယ့်လယ်ကိုယ့်ယာနဲ့ဆိုတော့ စိုက်စားရတော့ ဒီမှာထက် အများကြီး အဆင်ပြေကြတယ်။ ဒီမှာကနေဖို့ပဲရှိတာ ပုံမှန်ဝင်ငွေ မရှိတော့ တစ်နေ့တစ်နေ့ ထမင်းစားရဖို့အတွက် အရမ်းစိတ်ဆင်းရဲရပါတယ်။ ကိုယ့်ရွာကို ကိုယ်ပြန်နိုင်ဖို့ပဲ မျှော်လင့်တော့တယ်"

စစ်ဘေးဒုက္ခသည်တွေ စွန့်ခွာခဲ့တဲ့ မူလရွာတွေဖြစ်တဲ့ အင်ခါဂါး၊ မပြိုး၊ အင်စီဂါး၊ ဖကန်ယန်၊ နောရာယာန်ရွာတွေမှာ စစ်ကောင်စီတပ်က စခန်းချနေထိုင်နေတာကြောင့် လက်ရှိမှာ ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း သူကဆိုပါတယ်။

ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပူတာအိုမှ စစ်ဘေးဒုက္ခသည် နေအိမ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကချင်လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ် က စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက်ဟာ ဒုက္ခသည်စခန်းပေါင်း ၁၆၀ ခန့်မှာ နေထိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။