နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

2022.04.21
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှုကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှုကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ သံရုံးဝန်ထမ်းနှစ်ဦးက အပြာရောင် အဝတ်အစားတွေ ဝတ်ဆင်ပြီး ဦးဝင်းတင်ရေးတဲ့ အင်္ဂလိပ်ဘာသာနဲ့စာအုပ်တစ်အုပ်နဲ့အတူ သံရုံးရဲ့ ဖေ့စ်ဘွတ် လူမှုစာမျက်နှာမှာ တင်ထားတာကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှုကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အမျိုးသမီးငယ်တစ်ဦး၏ အပြာရောင်လှုပ်ရှားမှု

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှုကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှုကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပြာရောင်လှုပ်ရှားမှုနေ့

၂၀၁၄ ခုနှစ် ဧပြီ ၂၃ ရက်နေ့က သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဈာပနအခမ်းအနားကို တွေ့ရစဉ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ အပြာရောင်လှုပ်ရှားမှု (Bule Shirt Campaign) ကို နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပုံသဏ္ဌာန်မျိုးစုံနဲ့ ပါဝင်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်… စတဲ့မြို့တွေမှာ အပြာရောင်အင်္ကျီတွေ ဝတ်ဆင်ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် တောင်းဆိုခဲ့ကြပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဦးဝင်းတင်ရဲ့ "ကျားရဲ ငါ" ကဗျာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ သံရုံးရဲ့ ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ တင်ထားသလို မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ပို့ဆောင်ရေး စစ်အာဏာရှင်ကို ဖိအားပေးရာမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy နဲ့ သံရုံးဝန်ထမ်းနှစ်ဦးက အပြာရောင် အဝတ်အစားတွေ ဝတ်ဆင်ပြီး၊ ဦးဝင်းတင်ရေးတဲ့ အင်္ဂလိပ်ဘာသာနဲ့စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ရိုက်ကူးထားတဲ့ပုံကို သံရုံးရဲ့ ဖေ့စ်ဘွတ် လူမှုစာမျက်နှာမှာ တင်ထားပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဆရာကြီးဦးဝင်းတင်ဟာ အကျဉ်းထောင်မှာ ၁၉ နှစ်ကျော်နေခဲ့ရပြီး ထောင်ကပြန်လွတ်လာချိန်ကစလို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ရည်ရွယ်ချက်နဲ့ အကျဉ်းထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်အင်္ကျီနဲ့ ပုဆိုးကို ကွယ်လွန်သည်အထိ ဝတ်ဆင်ခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။