ကိုဖေမောင်စိမ်းဈာပန ရေဝေးသုသာန်မှာ ပြုလုပ်

RFA Burmese
2024.08.21
ကိုဖေမောင်စိမ်းဈာပန ရေဝေးသုသာန်မှာ ပြုလုပ် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ရေဝေးသုသာန်မှာ လုပ်ခဲ့သည့် ကိုဖေမောင်စိမ်း ဈာပန။
Photo: RFA

မှတ်တမ်းရုပ်ရှင် ဖန်တီးသူ၊ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုဖေမောင်စိမ်းရဲ့ ဈာပနကို ရေဝေးသုသာန်မှာ ဩဂုတ်လ ၂၁ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ကိုဖေမောင်စိမ်းဟာ အကျဥ်းထောင်ထဲက ခံစားလာရတဲ့ အရိုးတီဘီရောဂါနဲ့ ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ဩဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

သူမကွယ်လွန်ခင် အင်းစိန်ဆေးရုံကြီးမှာ အကျဉ်းသားအဖြစ် ခြေချင်းနဲ့ ကုသမှုခံယူခဲ့ရပြီး ကျန်းမာရေးဆိုးရွားချိန် သြဂုတ်လ ၁၆ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့တာပါ။

သူဟာ ၂၀၂၂ ခုနှစ်၊ မေလအတွင်း ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

ကိုဖေမောင်စိမ်းဟာ ကာတွန်းဆရာကြီး ဦးဖေသိန်းရဲ့သားဖြစ်ပြီး Yangon Film School ရဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးပြီး နိုင်ငံတကာဆုတွေ ရခဲ့ပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ရေဝေးသုဿန်မှာ လုပ်ခဲ့သည့် ကိုဖေမောင်စိမ်း ဈာပန။ (Photo: RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။