မိုခါကြောင့် ရွာလုံးကျွတ်ပျက်စီးသွားတဲ့ စစ်တွေ တံငါရွာ

မိုခါမုန်တိုင်း အဓိကတိုက်ခတ်သွားတဲ့ စစ်တွေမြို့နယ်ထဲက လမ်းဘေးချောင်း ပိုက်ဆိပ်ရွာပါ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်ကြသူများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။

ဒီရွာကတော့ မိုခါမုန်တိုင်း အဓိကတိုက်ခတ်သွားတဲ့ စစ်တွေမြို့နယ်ထဲက လမ်းဘေးချောင်း ပိုက်ဆိပ်ရွာပါ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်ကြသူများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အိမ်ထောင်စု ၃၇ စုရှိပြီး လူဦးရေတစ်ရာကျော်နေထိုင်တဲ့ တံငါရွာလေးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် နေအိမ်တစ်လုံးမှမကျန်အောင်အထိ ရွာလုံးကျွတ် ပျက်စီးသွားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် ငါးဖမ်းနေသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွာသားတွေဟာ ပျက်စီးသွားတဲ့နေအိမ်အပိုင်းအစတွေနဲ့ လက်ရှိ ဖြစ်သလိုတဲအိမ်ထိုးပြီးနေကြသလို ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီရွာခံတွေဟာ ရေလုပ်ငန်းကိုပဲ အဓိက မှီခိုစားသောက်နေရတာဖြစ်ပြီး မုန်တိုင်းကြောင့် ငါးဖမ်းပိုက်တွေ၊ လှေတွေနဲ့စက်တွေ ပျက်စီးသွားရတာကြောင့် ရွာသားတွေအားလုံး အရင်လို ငါးမဖမ်းနိုင်ကြတော့ပါဘူး။

တချို့ကတော့ မပျက်စီးဘဲကျန်ခဲ့တဲ့ ငါးဖမ်းပိုက်တချို့နဲ့ နေအိမ်ပြန်ဆောက်နိုင်ရေး ငါးပြန်ဖမ်းကြပေမယ့် အများစုကတော့ အရင်လိုမလုပ်နိုင်တော့ပါဘူး။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်သူတစ်ဦး နေအိမ်ပြန်လည်ပြုပြင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိ နေအိမ်တွေလည်းမရှိတော့သလို အဓိက အမှီပြုလုပ်ကိုင်စာရသောက်တဲ့ တံငါလုပ်ငန်းပြန်စဖို့လည်း ခက်ခဲနေတာကြောင့် အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ လမ်းဘေးချောင်း ပိုက်ဆိပ် တံငါရွာတွင် နေထိုင်ပြီး ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အလားတူပဲ တံငါလုပ်ငန်းကို အဓိကအမှီပြုလုပ်ကိုင်တဲ့ ပိုက်ဆိပ်ရွာကြီး၊ ပိုက်ဆိပ်ရွာငယ်တွေမှာလည်း နေအိမ်တွေအပြင် ငါးဖမ်းပိုက်တွေ၊ လှေတွေပျက်စီးသွားတာကြောင့် ဒေသခံတွေ ဘဝရပ်တည်ရေး ခက်ခဲနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org