မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

2022.04.07
မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ရန်ကုန်မြို့ နွယ်အေးဗလီမှာ ဥပုသ်ကာလ အတူတကွ ဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ရန်ကုန်မြို့ နွယ်အေးဗလီမှာ ဥပုသ်ကာလ အတူတကွ ဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ရန်ကုန်မြို့ နွယ်အေးဗလီမှာ ဥပုသ်ကာလ အတူတကွ ဝတ်ပြုဆုတောင်းနေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဥပုသ်ကာလ ဝတ်ပြုဆုတောင်းနေတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

နွယ်အေးဗလီမှာ ကုရ်အာန် ဖတ်နေတဲ့ ကလေးငယ်နှစ်ဦးကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

နွယ်အေးဗလီမှာ ကုရ်အာန် ဖတ်နေတဲ့ ကလေးငယ်တစ်ဦးကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဥပုသ်ကာလ နွယ်အေးဗလီမှာ ဝါဖြေဖို့စောင့်နေကြတဲ့ အစ္စလာမ်ဘာသာဝင်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဥပုသ်ကာလ နွယ်အေးဗလီမှာ ဝါဖြေဖို့စောင့်နေကြတဲ့ အစ္စလာမ်ဘာသာဝင်ကလေးငယ်များကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဥပုသ်ကာလ နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ အစားသောက်ဝေငှနေတာကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

မွတ်စလင်တွေရဲ့ ဝါတွင်း ဥပုသ်လ

ဥပုသ်ကာလ နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ အစားသောက်ဝေငှနေတာကို ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။

ဧပြီလ ၃ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမသွာန် ဥပုသ်လ စတင်တာဖြစ်ပါတယ်။

ဘာသာရေးအရ အရေးပါတဲ့ အခုလို ဥပုသ်လရောက်တိုင်း မွတ်စလင်လူမျိုးတွေဟာ အရုဏ်တက်နေထွက်ချိန်ကနေ ညနေဝင်ချိန်ထိ ဥပုသ်သီလစောင့်တည်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဒဏ်ရယ်၊ စစ်အာဏာသိမ်းမှုရယ်ကြောင့် ပြီးခဲ့တဲ့ ၂ နှစ်မှာ စုရုံးဥပုသ်စောင့်ခွင့် မရခဲ့ပါဘူး။

ဒီနှစ်မှာတော့ ပြန်လည်စုရုံးခွင့် ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က နွယ်အေးဗလီမှာလည်း အစ္စလာမ် ဘာသာဝင်တွေ စုရုံးပြီး ဥပုသ်စောင့်ကြ၊ ဝါဖြေဖို့အတွက် အစားအသောက်တွေ လှူဒါန်းကြတာကို ဧပြီလ ၇ ရက်နေ့က မြင်တွေ့ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။