နှစ်ကူးကာလ ဆံနွယ်လှူကြသူများ

ဒီဇင်ဘာလ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်နေ့ နှစ်ရက်တာအတွင်း ဆံပင်လှူကြသူ ၁ဝဝ ကျော် ရှိတယ်လို့ ရွှေဆံပင်တံတားလမ်း အကျိုးဆောင်အဖွဲ့ထံက သိရပါတယ်။

ရွှေဆံပင်တံတားလမ်း ပရဟိတလုပ်ငန်းအတွက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဆံပင်လာရောက်လှူဒါန်းသည့် အမျိုးသမီးငယ်တစ်ဦး။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားအနီးက ဘုရားကြီးလမ်း၊ ရေကူးမြို့မကျောင်းတိုက်မှာ ရှိတဲ့ ရွှေဆံပင်တံတားလမ်း ပရဟိတလုပ်ငန်းအတွက် နှစ်သစ်မှာ ဆံပင်လာရောက်လှူဒါန်းနေကြတာကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် - ဒီနေ့ညနေက တွေ့ရတာပါ။

Photo: RFA

Photo: RFA

၂ဝ၂၃ ခုနှစ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၃၁ ရက်နဲ့ ၂ဝ၂၄ ခုနှစ်ရဲ့ ပထမဆုံးနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့ နှစ်ရက်တာအတွင်း နှစ်သစ်ကူး ဆံပင်လှူဒါန်းကြသူ ၁ဝဝ ကျော် ရှိတယ်လို့ ရွှေဆံပင်တံတားလမ်း အကျိုးဆောင်အဖွဲ့ထံက သိရပါတယ်။

Photo: RFA

Photo: RFA

အနယ်နယ်အရပ်ရပ်က လှူဒါန်းကြတဲ့ ဆံပင်တွေကို ရောင်းချလို့ ရရှိလာတဲ့ ငွေတွေကို လမ်းတံတားတည်ဆောက်တာနဲ့ ကလေးတွေရဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုတာဖြစ်ပါတယ်။

Photo: RFA

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org