TNLA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ မြင်ကွင်း
TNLA၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ DPLA စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အတွင်းမှာ စျေးဆိုင်အချို့ ပုံမှန် ပြန်ဖွင့်ထားတာကို ဩဂုတ်လ ၂၈ ရက်နေ့မှာ တွေ့ရတာပါ။
-
RFA Burmese
2024-08-28 -
-
-
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အတွင်းမှာ စျေးဆိုင်အချို့ ပုံမှန် ပြန်ဖွင့်ထားတာကို ဩဂုတ်လ ၂၈ ရက်နေ့မှာ တွေ့ရတာပါ။
လေကြောင်းရန်ကြောင့် မြို့ခံ အားလုံးနီးပါး နေရပ်ပြန်မလာကြသေးသလို နောင်ချိုမြို့မဈေးလည်း ပြန်ဖွင့်နိုင်တာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ နောင်ချိုမြို့အတွင်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးကိုတော့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ဥပဒေစိုးမိုးရေးတပ်ဖွဲ့က တာဝန်ယူထားပါတယ်။
နောင်ချိုနဲ့ နှစ်မိုင်နီးပါးအကွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်အနီးမှာတော့ စစ်ကောင်စီနဲ့ TNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။