မြန်မာ့ရိုးရာ အလှမီးပုံးလုပ်ငန်း

2022.10.05
မြန်မာ့ရိုးရာ အလှမီးပုံးလုပ်ငန်း
Photo : RFA

သီတင်းကျွတ် အခါသမယရောက်ရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အိမ်မှာ မီးပုံးအလှတွေ ချိတ်ဆွဲလေ့ရှိကြပါတယ်။

Photo : RFA
Photo : RFA

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးဝန်းကျင်မှာ နေထိုင်သူတွေဟာလည်း သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။

Photo : RFA
Photo : RFA

မီးပုံးလုပ်ငန်းကို ခါတော်မီလုပ်ငန်းလို့လည်း ခေါ်ကြပါတယ်။ ကလေးငယ်တွေကတော့ လက်နဲ့တွန်းလို့ရတဲ့ အရုပ်ပုံအမျိုးမျိုး မီးပုံးတွေနဲ့ ဆော့ကစားကြပါတယ်။

Photo : RFA
Photo : RFA

ဒီနှစ်မှာတော့ မီးပုံးလုပ်ငန်းအတွက် အသုံးပြုတဲ့ စက္ကူနဲ့ဝါးတွေ အရင်နှစ်ထက် နှစ်ဆကျော် စျေးတက်လာပါတယ်။

Photo : RFA
Photo : RFA

ကုန်စျေးနှုန်းတက် အရောင်းအဝယ် အရင်လောက် အဆင်မပြေပေမယ့် ဒီမီးပုံးလုပ်ငန်းကိုတော့ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းပြီး လုပ်နေကြတာလည်း ဖြစ်ပါတယ်။

Photo : RFA
Photo : RFA

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက တရုတ်မီးပုံးတွေ ပေါ်လာပေမယ့် မြန်မာ့လက်မှု မီးပုံးတွေကတော့ လက်ရှိအချိန်အထိ ရောင်းနေရဆဲ ဖြစ်ပါတယ်။

Photo : RFA
Photo : RFA

လက်ရှိ မီးပုံးတွေကိုတော့ မြန်မာငွေ ၁၅၀၀ ကျပ်ကနေ တစ်သောင်းကျော်အထိ ပုံစံပေါ်မူတည်ပြီး စျေးအမျိုးမျိုးနဲ့ ရောင်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။