မန္တလေးက မြန်မာ့ရိုးရာ ကြေးသွန်းလုပ်ငန်း

ကြေးသွန်းလုပ်ငန်းကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်မှာ ဒီနေ့ထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။

ပန်းတဉ်းပညာရပ်ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကြေးသတ္တုကို အရည်ကျိုသွန်းလောင်း ရတဲ့ ကြေးသွန်းလုပ်ငန်းကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်မှာ ဒီနေ့ထိ လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကြေးသွန်းလုပ်ငန်းကို အရင်က မြန်မာပြည်အနှံ့မှာ လုပ်ကိုင်ကြပေမယ့် လက်ရှိမှာတော့ မန္တလေးမြို့မှာသာ တစ်စုတစ်စည်းတည်းတွေ့ရပြီး ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူ တစ်ရာခန့်ရှိပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဘုရားဆင်းတုတော်၊ မောင်း၊ ခေါင်းလောင်း၊ လင်းကွင်း၊ ကြေးစည်၊ ဆည်းလည်း စတဲ့ ကြေးသွန်းပစ္စည်းတွေကို ပြုလုပ်ပြီး မြန်မာနိုင်ငံအနှံ့အပြားနဲ့ ပြည်ပအထိ တင်ပို့ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကြေးသွန်းလုပ်ငန်းကို အငယ်၊ အလတ်၊ အကြီး သုံးမျိုး ခွဲခြားထားပါတယ်။ အရွယ်အစားငယ်တွေကို မိုလောင်းပြီး လုပ်ကိုင်ကြတာကို လုပ်ငန်းငယ်၊ အရွယ်အစား သုံးပေကနေ ခြောက်ပေအထိ သွန်းလုပ်ကြသူတွေကို လုပ်ငန်းလတ်လို့ သတ်မှတ်ပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အရွယ်အစားကြီးမားတဲ့ ခြောက်ပေနဲ့အထက် သွန်းလောင်းလုပ်ကိုင်မှုကိုတော့ လုပ်ငန်းကြီးလို့သတ်မှတ်ပြီး လုပ်ငန်းငယ်နဲ့ လုပ်ငန်းလတ် သွန်းလုပ်သူများပေမယ့် လုပ်ငန်းကြီးလုပ်ကိုင်သူက အနည်းငယ်သာကျန်ရှိတော့တယ်လို့ ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် တမ္ပဝတီအရပ်တွင် ကြေးသွန်းပစ္စည်းများ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org