အာဏာသိမ်းမှုဒဏ်ကြောင့် ငှက်ရောင်းသူတွေပါ ခက်ခဲ

ရန်ကုန်မြို့ ၁၉ လမ်းထိပ် ကမ်းနားလမ်းက ငှက်ရောင်းသူတစ်ဦး။
ရန်ကုန်မြို့ ၁၉ လမ်းထိပ် ကမ်းနားလမ်းက ငှက်ရောင်းသူတစ်ဦး။ (Photo: RFA)

ငှက်ရောင်းရင်း ဝမ်းရေးအတွက် ဖြေရှင်းကြသူတွေကို ရန်ကုန်မြို့လယ်ခေါင် နေရာတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။

ဘာသာရေးအယူအဆ၊ ဗေဒင်၊ ယတြာ အယုံအကြည်ရှိတဲ့သူတွေဟာ ခိုတွေ ငှက်တွေကို ရောင်းသူထံကပြန်ဝယ်ပြီး ဘေးမဲ့လွှတ်ပေးကြတာပါ။

002.jpg
Photo: RFA

တိရိစ္ဆာန်ချစ်သူတွေကတော့ ဒီငှက်ရောင်းတဲ့ အလုပ်ကို ကန့်ကွက်ကြပေမယ့် ငှက်ရောင်းသူတွေကတော့ သူတို့ရဲ့ အလုပ်ဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝတယ်လို့ ယုံကြည်လက်ခံထားကြတာပါ။

003.jpg
Photo: RFA

ရန်ကုန်မြို့ ၁၉ လမ်းထိပ် ကမ်းနားလမ်းမှာတော့ နံနက်အရုဏ်တက်ချိန်မတိုင်ခင်ကတည်းက ငှက်ရောင်းဒိုင်တွေနဲ့ စည်ကားနေပါတယ်။ ရန်ကုန်မြစ်တစ်ဖက်ကမ်း ရွာတွေဘက်က ကိုင်းတော၊ လယ်ကွင်းတွေထဲမှာ ငှက်ထောင်ဖမ်းပြီး ဒိုင်ကို ပြန်သွင်းနေကြတာပါ။

004.jpg
Photo: RFA

တစ်ပိုင်တစ်နိုင် ပြန်ရောင်းသူတွေကတော့ အဲဒီဒိုင်တွေကနေ ပြန်ဝယ်ပြီး ဘုရားစေတီတွေ၊ လူစည်ကားတဲ့ နေရာတွေမှာ သွားရောင်းလေ့ရှိပါတယ်။

005.jpg
Photo: RFA

စာကလေး၊ စာဘူးတောင်း၊ ဘွတ်ကလုံ၊ ချိုးနဲ့ ကြက်တူရွေးစတဲ့ ငှက်မျိုးတွေကို ရောင်းကြပါတယ်။

006.jpg
Photo: RFA

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်နဲ့ စစ်အာဏာသိမ်းမှုဒဏ်တွေကြောင့် ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ငှက်ရောင်းဝယ်ရေးလုပ်ငန်း မကောင်းဘူးလို့ ငှက်ရောင်းသမားတွေက ပြောကြပါတယ်။

007.jpg
Photo: RFA