အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမသွာန် ဥပုသ်လစတင်

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ နွယ်အေးဗလီတွင် ၂ဝ၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့က အစ္စလာမ်ဘာသာဝင်များ စုရုံးဝတ်တက်နေသည်ကို တွေ့ရစဉ်။
ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ရှိ နွယ်အေးဗလီတွင် ၂ဝ၂၄ ခုနှစ် မတ်လ ၁၂ ရက်နေ့က အစ္စလာမ်ဘာသာဝင်များ စုရုံးဝတ်တက်နေသည်ကို တွေ့ရစဉ်။ (RFA)

အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လကြာ ရာမသွာန် ဥပုသ်လ မတ်လ ၁၂ ရက်နေ့မှာ စတင်နေပါပြီ။

Photo: RFA
Photo: RFA

ဘာသာရေးအရ အရေးပါတဲ့ ရာမသွာန် ဥပုသ်လရောက်တိုင်း မွတ်စလင်တွေဟာ အရုဏ်တက် နေထွက်ချိန်ကနေ ညနေပိုင်း နေဝင်ချိန်ထိ ဥပုသ်သီလ ဆောက်တည်ကြပါတယ်။

Photo: RFA
Photo: RFA

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်က နွယ်အေးဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ စုရုံးပြီး ဥပုသ်စောင့်ကြ၊ ဝါဖြေဖို့အတွက် အာဟာရ (ဟာလင်) အစားအသောက်တွေ ဝေငှလှူဒါန်းကြတာတွေ့ရပါတယ်။

Photo: RFA
Photo: RFA

ဥပုသ်အထွက် ဝါဖြေဖို့အတွက် အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာ ဝယ်ယူနေကြသူတွေကိုလည်း တွေ့ရပါတယ်။

Photo: RFA
Photo: RFA

ဗလီမှာ ဝတ်တက်သူတွေ ဗလီမှာပဲ ဝါဖြေနိုင်ဖို့အတွက် အစားအသောက်တွေ တည်ခင်းကျွေးမွေးကြတာလည်း တွေ့ရပါတယ်။

Photo: RFA
Photo: RFA
Photo: RFA
Photo: RFA