မန္တလေးဘုရားကြီးက နှစ်တစ်ရာကျော် ကျောက်ဆစ်လုပ်ငန်း
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးအနောက်ဘက်မုခ်မှာရှိတဲ့ ကျောက်ဆစ်လုပ်ငန်းဟာ သက်တမ်းရာစုနှစ်တစ်ခုကျော်လာခဲ့ပါပြီ။
-
RFA Burmese
2023-07-17 -
-
-
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးအနောက်ဘက်မုခ်မှ ကျောက်ဆစ်လုပ်ငန်း လုပ်ငန်းခွင်မြင်ကွင်း။
RFA
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးအနောက်ဘက်မုခ်မှာရှိတဲ့ ကျောက်ဆစ်လုပ်ငန်းဟာ သက်တမ်းရာစုနှစ်တစ်ခုကျော်လာခဲ့ပါပြီ။
ဘုရားကြီးအနောက်မုခ် လမ်းတစ်လျှောက်မှာ စကျင်ကျောက်ဆစ် ထုလုပ်တဲ့လုပ်ငန်းနဲ့ ဆိုင်ခန်းတွေကို တွေ့ရပါတယ်။
ဘုရားဆင်းတုတော်တွေအပြင် ကွမ်ရင် ရုပ်တု၊ ဆင်ရုပ်တု၊ နဂါးရုပ်တုအပါအ၀င် အခြားရုပ်တုတွေနဲ့ ထုလက်စရုပ်တုများစွာကို အဲဒီနေရာမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအနှံ့ ဘုရားစေတီတွေမှာ ထားရှိပူဇော်ကြတဲ့ ဆင်းတုတော်တွေနဲ့ ရုပ်တုတွေကို အဲဒီ ကျောက်ဆစ်တန်းကတစ်ဆင့် ဖြန့်ချိရောင်းချကြပါတယ်။