MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ မြင်ကွင်းများ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြို့ခံတချို့ နေရပ်ပြန်လာနေကြပါတယ်။

တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြို့ခံတချို့ နေရပ်ပြန်လာနေကြပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် တွေ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆူဘုရားရှေ့မြင်ကွင်း။ (Photo: RFA)

မန်ဆူဘုရားအနီးနဲ့ သိန္နီလမ်းကြီး၊ ဘူတာစျေး စတဲ့ နေရာတွေမှာတော့ မနက်ခင်းပိုင်း စျေးရောင်းချသူတွေနဲ့ ပြန်လည်စည်ကားနေပါတယ်။ မြို့အတွင်းပိုင်းက အထပ်မြင့်တိုက်တွေမှာ လက်နက်ထိမှန် ပျက်စီးထားတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ အဆောက်အအုံတွေ ပျက်စီးနေသလို လမ်းမအချို့မှာလည်း စစ်ကောင်စီ ယာဉ်အချို့ ပျက်စီးနေတာကို တွေ့ရပါတယ်။ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကို MNDAA ခန့်ထားပြီး ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေရအောင် ဆောင်ရွက်ပေးနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဓာတ်တိုင်တစ်တိုင် လဲကျနေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရပ်ကွက်တချို့မှာ MPT နဲ့ Mytel ဖုန်းလိုင်းတချို့ အသုံးပြုလို့ရနေပြီဖြစ်ပေမဲ့ လျှပ်စစ်မီးကတော့ မရရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org