နှစ် ၁၆၀ ကျော်သက်တမ်းရှိ ရှေးဟောင်း ပီလခတ်ဟိန္ဒူဘုရားကျောင်း

2022.12.06
001
Photo: RFA

ဗြိတိသျှကိုလိုနီခေတ် ၁၈၆၀ ပြည့်နှစ်က ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် ပီလခတ်ရွာမှာ အိန္ဒိယနွယ်ဖွား တမီလ်လူမျိုးလယ်သမားတွေ လာရောက်အခြေချ နေထိုင်ခဲ့ပါတယ်။

တမီလ်လယ်သမားကြီး ပူကူးဆာမိက စိုက်ပျိုးရေးလုပ်ရင်း တောထနေတဲ့အပင်ရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး "စရီအန်ဂါလဲ အီစ်ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း" (Sri Angala Eswari and Muneeswarar Temple) ကို ဆောက်လုပ်ခဲ့ပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

မြန်မာနိုင်ငံတွင်းမှာ သက်တမ်းအရင့်ဆုံး ဟိန္ဒူဘုရားကျောင်းဖြစ်သလို ထီးတင်ပွဲလုပ်တဲ့ ပထမဆုံးဘုရားကျောင်းလည်း ဖြစ်ပါတယ်။ အရင်တုန်းက ဓနိမိုးကျောင်းကို ၂၀၀၃ ခုနှစ်မှာ အုတ်နဲ့ ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

Photo: RFA
Photo: RFA

ပီလခတ်ဟိန္ဒူဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့ ကျော်ကြားတဲ့အတွက် လာရောက်ဆုတောင်း အဓိဋ္ဌာန်ပြုသူတွေ မပြတ်ရှိနေပါတယ်။

Photo: RFA
Photo: RFA

အိန္ဒိယနဲ့ မလေးရှားအပါအဝင် အာရှနိုင်ငံတွေက ဧည့်သည်တွေလည်း လာရောက်ဆုတောင်းကြပါတယ်။ လာရောက်သူမှန်သမျှကို ထမင်းနဲ့ရေ ပြတ်လတ်မှုမရှိစေဘဲ ငှက်ပျောဖက်ခင်းပြီး သားသတ်လွတ်ဟင်းနဲ့ ချက်ပြုတ်ကျွေးမွေးပါတယ်။

Photo: RFA
Photo: RFA

ဘုရားကျောင်းပိုင်လယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးပြီး ထွက်သမျှဆန်စပါးကို ပြန်လည်မရောင်းချဘဲ ဘုရားဖူးလာသူတွေကို ပြန်လည်ကျွေးမွေးတာပါ။

ပီလခတ်ဟိန္ဒူဘုရားကျောင်းကို သားတော်ကျောင်း (ဆုတောင်းပြည့် စရီမဟာမူနီ(စ်)ဝရရ် ဘုရား)၊ မယ်တော်ကျောင်း (ဆုတောင်းပြည့် စရီအန်ဂါလဲ အီ(စ်)ဝရီ) နဲ့ကွင်းပိုင်ကြီးကျောင်း(ပူကျီအယား) တွေနဲ့ စုစည်းထားပါတယ်။

Photo: RFA
Photo: RFA

Photo: RFA
Photo: RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။