တောင်သမန်အင်းက ရိုးရာမြင်းလှည်းယဉ်များ

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတားနဲ့ တောင်သမန်အင်းကို လာရောက် လည်ပတ်သူတွေ တောင်သမန်အင်းနဲ့ မည်စည်တန်းတစ်လျှောက် ရှုခင်းတွေကြည့်ရင်း ကျေးလက်ယဉ်ကျေးမှုဓလေ့ခံစားနိုင်ဖို့ မြန်မာ့ရိုးရာမြင်းလှည်းယဉ်တွေကို အလှဆင်ပြီး ငှားရမ်းပို့ဆောင်နေကြပါတယ်။
တောင်သမန်အင်းမှာ လက်ရှိ မြင်းလှည်း ၁၀ စီးကျော်ကို ပုံစံအမျိုးမျိုးအလှဆင်ပြီး လာရောက်လည်ပတ်သူတွေ ငှားရမ်းအသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။
မြင်းလှည်းငှားရမ်းခကတော့ တောင်သမန်အနီးဝန်းကျင်နဲ့ မည်စည်တန်းတစ်လျှောက် လည်ပတ်ရင် ခရီးအကွာအဝေးအပေါ်မူတည်ပြီး ကျပ် ၁၅၀၀၀ ကနေ ၃၀၀၀၀ ကျော်ခန့်အထိ ရှိပါတယ်။
လာရောက်လည်ပတ်သူအနည်းအများနဲ့ အချိန်ပေါ်မူတည်ပြီး ငှားရမ်းခရတာကြောင့် ဝင်ငွေအတည်တကျတော့ မရှိဘူးလို့ မြင်းလှည်းမောင်းသူတစ်ဦးက RFA ကိုပြောပါတယ်။
ဟိုးအရင်က မြင်းလှည်းတွေကို မြို့တွင်းမှာပဲအသုံးကြုကြပေမယ့် အခုအချိန်မှာတော့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကိုသာ မြို့တွင်းမှာအများဆုံး အသုံးပြုလာနေကြပါပြီ။