ဝမ်းရေးအတွက် နေအပူကို အန်တုနေကြရသူများ
ရန်ကုန်မြို့မှာ နေ့အပူချိန် ၃၉ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိနေပေမယ့်လည်း စားဝတ်နေရေးအတွက် အခြေခံလူတန်းစားတွေဟာ မဖြစ်မနေ အပူချိန်ကို အန်တုရုန်းကန်နေကြရပါတယ်။
ရန်ကုန်လမ်းမတွေပေါ်က ဝမ်းရေးအတွက် ရုန်းကန်နေကြသူတွေကို ဧပြီလ ၃၀ ရက်က မြင်တွေ့နေရတာပါ။ နိုင်ငံတစ်ဝန်း အပူချိန် စံချိန်တင်မြင့်တက်လို့ သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ကျန်းမာရေးပညာရှင်တွေကတော့ ရေများများသောက်ဖို့၊ နေပူထဲ ထွက်တဲ့အခါ အကာအကွယ်ယူသွားဖို့နဲ့ တက်နိုင်သမျှ နေပူထဲမထွက်ကြဖို့ တိုက်တွန်းကြပါတယ်။