၂ဝ၂၂ သင်္ကြန်အကြိုနေ့ မြင်ကွင်းများ

2022.04.13
yangon3.jpg

၂ဝ၂၂ ခုနှစ် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်း မြင်ကွင်း။

mandalay.jpg

၂ဝ၂၂ ခုနှစ် သင်္ကြန်အကြိုနေ့က တွေ့ရသည့် မန္တလေးမြို့ နာရီစင်အနီး မြင်ကွင်း။

yangon.jpg

လူသူနည်းပါးနေသည့် ရန်ကုန်မြို့လယ် သင်္ကြန်အကြိုနေ့ မြင်ကွင်းတစ်ခု။

taungoo1.jpg

တောင်ငူမြို့က ရေကစားမဏ္ဍပ်တစ်ခုတွင် စောင့်ကြပ်နေသော စစ်ကောင်စီတပ်သားတစ်ဦး။

mandalay1.jpg

၂ဝ၂၂ ခုနှစ် သင်္ကြန်အကြိုနေ့က တွေ့ရသည့် မန္တလေးမြို့လယ် မြင်ကွင်းတစ်ခု။

taunggoo2.JPG

တောင်ငူမြို့တွင်းတစ်နေရာတွင် သင်္ကြန်အကြိုနေ့က ရေကစားနေသည့် ကလေးငယ်တချို့ကို တွေ့ရစဉ်။

yangon2.jpg

၂ဝ၂၂ ခုနှစ် သင်္ကြန်အကြိုနေ့က တွေ့ရသည့် ရန်ကုန်မြို့လယ်က မြင်ကွင်းတစ်ခု။

၂ဝ၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှာ တွေ့ရတဲ့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ငူမြို့က မြင်ကွင်းတွေ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ အရင်က ကြိတ်ကြိတ်တိုး စည်ကားခဲ့တဲ့ မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ် အနီးတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်ပြီး ရဲနဲ့ စစ်သားအများအပြား လုံခြုံရေးယူထားပါတယ်။

မန္တလေးမြို့မှာလည်း နှစ်စဉ်စည်ကားစွာ ကျင်းပလေ့ရှိတဲ့ ကျုံးပတ်လည်ကို စစ်ကောင်စီက ဒီနှစ် သင်္ကြန်ကာလ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး အဝင်လမ်းတွေကို ပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို စည်ကားအောင် ကြိုးစားနေပေမဲ့ ပြည်သူတွေကြားမှာတော့ အခုနှစ် သင်္ကြန်အပေါ် စိတ်ဝင်စားမှုလျော့နည်းနေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေဟာ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်ထားတာကို နားလည်လိုက်နာကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပါတယ်။

“တကယ်ဆိုရင် သင်္ကြန်ဒီလိုနေ့ရက်ဆိုတာ ကျနော်တို့အတွက် ပျော်ပွဲရွှင်ပွဲရက်ပါပဲ၊ တစ်နှစ်မှ တစ်ခါပဲ ပျော်ရ တာကို၊ ဒီလိုနေ့မှာမှ လူညီတယ်။ လမ်းပေါ်မှာ ဒီလိုပဲ သွားလာနေကြတာပဲရှိတယ်။ တချို့ဆိုရင် အားလပ်ရက်တောင်မှ ဘယ်မှကို မထွက်ကြဘူး၊ ခြောက်ကပ်နေတာပဲ၊ ပျော်ပွဲရွှင်ပွဲကို မလုပ်ကြဘူး၊ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်ထားတဲ့အတိုင်းပဲ လိုက်နာကြတယ်။ နားလည်ကြတယ်"

စစ်ကောင်စီရဲ့ နှစ်ကူးသင်္ကြန်ကို သပိတ်မှောက်ပြီး တော်လှန်သင်္ကြန်ကို ပြည်သူနဲ့အတူ ဆင်နွှဲဖို့ အနုပညာရှင် တွေ၊ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။