တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ရန်ကုန်မြို့တော် ညဘက်မြင်ကွင်း

2022.03.10
yangon-1.jpg

yangon-3.jpg

yangon-4.jpg

yangon-5.jpg

yangon-6.jpg

yangon-7.jpg

yangon-8.jpg

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ရဲ့ ညဘက်မြင်ကွင်းဟာ တဖြည်းဖြည်းနဲ့ တိတ်ဆိတ်ခြောက်သွေ့လာပါတယ်။

အရင်က လူချင်းမတိုက်မိအောင် သတိထား သွားလာရတဲ့အထိ ကြက်ပျံမကျ စည်ကားရာနေရာတွေ ဖြစ်တဲ့ လသာမြို့နယ် တရုတ်တန်း၊ တာမွေ၊ မြေနီကုန်းနဲ့ လှည်းတန်းတို့မှာပါ ညပိုင်းမှာ မီးစက်သံတညံညံနဲ့ လူအသွားအလာ မရှိသလောက် သိသိသာသာ နည်းပါးလာပါတယ်။

သဘာဝဓာတ်ငွေ့စီမံကိန်း လုပ်ငန်းတွေ လုပ်ဖို့အတွက် နေရာတချို့မှာ လာမယ့် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ ၂၄ နာရီပတ်လုံး မီးဖြတ်တောက်မယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရတာကြောင့် လမ်းမကြီးတွေမှာ မှောင်မဲနေပြီး မော်တော်ယာဉ်တချို့ရဲ့ မီးရောင်တွေလောက်ကိုသာ မြင်တွေ့ရပါတော့တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။