အပူဒဏ်ကြောင့် သောက်သုံးရေရှားပါးနေတဲ့ ဒလ

RFA Burmese
2023.05.02
အပူဒဏ်ကြောင့် သောက်သုံးရေရှားပါးနေတဲ့ ဒလ ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ သောက်သုံးရေ ရှားတဲ့ ပြဿနာကို နှစ်တိုင်းကြုံတွေ့နေရတာပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ ထူးခြားတဲ့အပူချိန် လွန်ကဲမှုကြောင့် အရင်ကတည်းက ရေရှားပါးခဲ့တဲ့ ဒလမြို့နေ ပြည်သူတွေဟာ ရေရှားပါးမှုဒဏ်ကို ပိုပြီးရင်ဆိုင်နေရပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒလမြို့နယ်ဟာ ရေချိုမထွက်ဘဲ ရေငန်ပဲထွက်တာကြောင့် ဒေသခံတွေဟာ မိုးရေလှောင် ကန်တွေကို အဓိက အားထားနေရတာပါ။

မိုးရေလှောင်ကန်တွေမှာ ရေခပ်ရာမှာလည်း အချိန်ကန့်သတ်ချက်ရှိပြီး မနက်စောစောမှာ တစ်နာရီနဲ့ ညနေပိုင်းမှာ တစ်နာရီသာ ရေခပ်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အများစုဟာ အလုပ်မသွားခင် မနက်စောစောမှာ ရေခပ်ဆင်းလေ့ရှိပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒလမြို့နယ်မှာ ရပ်ကွက်ပေါင်း (၂၅) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၂၃) စု၊ ကျေးရွာပေါင်း (၅၄) ရွာရှိပြီး လူဦးရေ ၁၆၂၀၀၀ ကျော်နေထိုင်ကြပါတယ်။

ဒလမြို့မှာ ရေကန်ပေါင်း (၃၂၉) ကန်ရှိပြီး မြို့ပေါ်ရပ်ကွက်တွေမှာ (၁၂၄) ကန်နဲ့ ကျေးရွာတွေမှာ (၂၀၅) ကန် ရှိပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါပေမဲ့ ဒီနှစ်နွေရာသီ အပူချိန်လွန်ကဲမှုကြောင့် ရေကန်ပေါင်း (၂၀၀) ကျော် ရေခန်းခြောက်ကုန်ပြီး ပြန်လည်တူးဖော်နေကြရပါတယ်။

အရင်က ဒလကို ရန်ကုန်ပေါက်ရွာ ရေပေးဝေရေးစခန်းကနေ ရေတွန်းစက်နဲ့ ရေပို့လွှတ်ပေးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမမှန်လို့ အဲဒီကနေလည်း ရေပို့ပေးတာမမှန်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒါကြောင့် အာဏာသိမ်းမှုနဲ့အတူ အလုပ်အကိုင်တွေရှားပြီး ဝင်ငွေနည်းပါးလာတဲ့ ဒေသခံအချို့ဟာ သောက်သုံးရေ ဝယ်မသောက်နိုင်တော့ဘဲ ရေခပ်ဆင်းကြသူတွေ ပိုများလာတယ်လို့လည်း ဆိုကြပါတယ်။

စစ်ကောင်စီကတော့ ဒလမြို့နယ်အတွက် တစ်နေ့ကို ရေဂါလန် ၃ ဒသမ ၃ သန်း ဖြန့်ဝေပေးနိုင်မယ့် နိုင်ငံတကာ အဆင့်မီ ရေသန့်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီနဲ့ စတင်အကောင်အထည်ဖော်နေပြီလို့ ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အဲဒီစီမံကိန်းအတွက် ဂျပန်ယန်းငွေ ၄ ဒသမ ၁၇၆ ဘီလီယံထောက်ပံ့ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ ဂျပန်နိုင်ငံက သဘောတူထားတာဖြစ်ပါတယ်။

ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ သောက်သုံးရေခပ်ယူနေကြသည်အား ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။