ဆိုင်ကယ်စီးခွင့်ပိတ်ထားတဲ့ ဒလမြို့နယ်မှာ စက်ဘီးစီးသူများလာ

ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်း သွားလာနေကြသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်း သွားလာနေကြသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (RFA)

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတချို့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေနောက်ပိုင်း ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်းမှာ ဆိုင်ကယ်၊ လျှပ်စစ်ဘက်ထရီစက်ဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို စီနင်းခွင့်မပြုတော့လို့ စက်ဘီးကိုပြန်လည်အားကိုးပြီ စီးနင်းလာရတယ်လို့ ဒလမြို့ခံတွေက ပြောပါတယ်။

Photo: RFA
Photo: RFA

ဒလမြို့နယ်ကနေ ရန်ကုန်မြို့ဘက်ကိုကူးတဲ့ ဆိပ်ကမ်းမှာလည်း စက်ဘီးအပ်နှံလက်ခံတဲ့ နေရာအများအပြားကို မြင်တွေ့ရပါတယ်။ ဒီစက်ဘီးတွေက ရန်ကုန်မြို့ပေါ်ကို အလုပ်သွားတဲ့ ဒလမြို့ခံတွေရဲ့ စက်ဘီးတွေ ဖြစ်ပါတယ်။

Photo: RFA
Photo: RFA

အရင်က ဆိုင်ကယ်ကယ်ရီအငှားလိုက်တဲ့သူတွေကလည်း စားဝတ်နေရေးအတွက် အနှေးယာဉ် ဆိုက်ကားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာရတယ်လို့ ဆိုင်ကယ်ကယ်ရီလုပ်ငန်းကို စွန့်လွှန့်ပြီး ဆိုက်ကားနင်းနေရသူ ဒလမြို့ခံတစ်ဦးက ပြောပါတယ်။

Photo: RFA
Photo: RFA

၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က ဒလမြို့ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆိုသူ သတ်ဖြတ်ခံရပြီးနောက် မေလ ၂၇ ရက်နေ့ကစလို့ ဒလမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ခဲ့တာပါ။

Photo: RFA
Photo: RFA

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ကတော့ လျှပ်စစ်ဘက်ထရီစက်ဘီးနဲ့ ဆိုင်ကယ်ဘေးတွဲတွေကိုပါ စီးနင်းခွင့်ကို အာဏာပိုင်တွေက ထပ်မံပိတ်ပင်ခဲ့ပါတယ်။

Photo: RFA
Photo: RFA