မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ကမ်းရိုးတန်းကို ဝင်‌ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ စစ်တွေမြို့အနီးကနေ စတင်ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ၊ လမ်း၊ တံတားတွေ ပျက်စီးခဲ့ပြီး ရခိုင်ပြည်နယ်က ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။