ရန်ကုန်မှာ စားအုန်းဆီဈေးလျှော့ရောင်းလို့ တန်းစီဝယ်ယူသူများပြား

ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တွေမှာ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီ တစ်ပိဿာကို ၄၈၀၀ ကျပ်နှုန်းနဲ့ ဈေးလျှော့ရောင်းနေတာကြောင့် လူအများတန်းစီ ဝယ်ယူမှုများပြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Photo: RFA
Photo: RFA

လက်လီရောင်းချတဲ့ ရပ်ကွက်ဈေးဆိုင်တွေမှာတော့ စားအုန်းဆီ တစ်ပိဿာကို ၈၅၀၀ ကျပ်ထိ ဈေးပေါက်နေတာပါ။

Photo: RFA
Photo: RFA

တန်းစီဝယ်ယူနေတဲ့ လူတွေကို တစ်ဦးအတွက် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းသာ ခွဲတမ်းနဲ့ရောင်းချပေမယ့် လူအများအပြားလာရောက်ဝယ်ယူတာကြောင့် မလုံလောက်ဘဲ တန်းစီစောင့်ဆိုင်းရင် မရလိုက်တဲ့လူတွေလည်းရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

Photo: RFA
Photo: RFA

စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စားသောက်ကုန်အပါအဝင် အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာလည်း ပိုမိုကျပ်တည်းလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

Photo: RFA
Photo: RFA