ရန်ကုန်မြို့က စာအုပ်စျေးရောင်းပွဲ

စာအုပ်ရောင်းချသူ လုပ်ငန်းရှင်ခုနစ်ဦး စုပေါင်းခင်းကျင်းတဲ့ 7 Brother Group စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့က လူစည်ကားတဲ့ လှည်းတန်းစင်တာမှာ စက်တင်ဘာလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

Photo - RFA
Photo - RFA
Photo : RFA
Photo : RFA

အရင်က ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနဲ့ ၃၇ လမ်းမှာ စာအုပ်ဈေးတန်း ဖွင့်လှစ်ရောင်းချခဲ့ပေမယ့် မိုးရာသီဖြစ်တဲ့အတွက် ဈေးဝယ်စင်တာတွေမှာ စာအုပ်ဈေးရောင်းပွဲတော်အဖြစ် လှည့်လည်ကျင်းပနေတာလို့ 7 Brother Group မှာ ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

Photo : RFA
Photo : RFA

လက်ရှိမိုးရာသီအတွင်း ဈေးဝယ်စင်တာတွေမှာ လိုက်လံရောင်းချနေတာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး နောက်တစ်ကြိမ်ကို ရန်ကင်းစင်တာမှာ အောက်တိုဘာလ ၂ ရက်နေ့က စပြီး တစ်ပတ်တိတိ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Photo : RFA
Photo : RFA

အရင်က ဗိုလ်တစ်ထောင်မြို့နယ် သိမ်ဖြူလမ်းဘေးမှာ စနေနဲ့ တနင်္ဂနွေ နှစ်ရက်ကို စာအုပ်ဈေးတန်း ရောင်းချခွင့်ပေးခဲ့ပေမယ့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကာလနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဈေးတန်းပြန်ဖွင့်ခွင့် မရခဲ့ပါဘူး။

Photo : RFA