"မြန်မာ့မီးရှို့တပ်"

Cartoon by Rebel Pepper
Cartoon by Rebel Pepper (Photo: RFA)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ဒေသတွေမှာ ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေသုံးပြီး အကြမ်းဖက်တိုက်ခိုက်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ကူညီနေတယ်လို့ သံသယရှိတဲ့ ရွာတွေကိုလည်း မြေလှန်၊ မီးရှို့၊ ဖျက်ဆီးနေပါတယ်။

လူမျိုးစုတွေနဲ့ပဋိပက္ခတွေမှာ ဆယ်စုနှစ်နဲ့ချီပြီးအသုံးပြုခဲ့တဲ့ ဒီနည်းဗျူဟာနဲ့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေကို မောင်းထုတ်ခဲ့တဲ့ မြေလှန်မီးရှို့စစ်ဆင်ရေးကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု စွဲချက်တွေနဲ့ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေရပါပြီ။ ၂၀၂၂ မတ်လ ၁ ရက်နေ့အထိ စာရင်းတွေအရ စစ်ကောင်စီနဲ့ပြူစောထီး မီးရှို့တပ်သားတွေဟာ နိုင်ငံတစ်ဝန်းမှာ အိမ်ခြေ ၆၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

RFA ကာတွန်းဆရာ Rebel Pepper က " မြန်မာ့မီးရှို့တပ်" လို့ အမည်ပေးပြီး သရုပ်ဖော်ရေးဆွဲထားပါတယ်။