ဦးဝီရသူ အမှုလာရင်ဆိုင်ဖို့ တရားရုံးကြေညာချက် စတင် ဝရမ်းကပ်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်က မစိုးရိမ်တိုက်သစ်၊ ကျောင်းတိုက်ဝင်းထဲက ဓမ္မသဟာရကျောင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူကို အမှုလာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်တဲ့ တရားရုံးကြေညာချက်ကို ဇူလိုင်လ ၁၁ ရက်နေ့က ဝရမ်းကပ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ အမှုလာရင်ဆိုင်ဖို့ တရားရုံးကြေညာချက်ကို မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်း ကြေညာသင်ပုန်းတွင် ဇူလိုင်လ ၁၁ ရက်နေ့က ကပ်နေစဉ်။ Photo: Ven-Vicittar Bhivamsa/ VK

မန္တလေးတိုင်းမဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှာရှိတဲ့  မစိုးရိမ်တိုက်သစ်၊ ကျောင်းတိုက်ဝင်းထဲက  ဓမ္မသဟာရကျောင်းနဲ့  ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူကို အမှုလာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်တဲ့ တရားရုံးကြေညာချက်ကို ဒီမနက်က ဝရမ်းကပ်ပါတယ်။

RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org