သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောတဲ့အထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့လည်း အပါအဝင်ဖြစ်ပါတယ်။ မနေ့က နေပြည်တော်မှာ လွတ်လပ်တဲ့ ရှေ့နေများအသင်း ဖွဲ့စည်းတဲ့အခမ်းအနားမှာလည်း တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုက်ပါတယ်။
2016-01-19
အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော်ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-01-19
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နယ် ကောင်းခါးကျေးရွာမှာ ကချင်အမျိုးသမီးလုပ် အားပေး ဆရာမနှစ်ဦး မတရားပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT အဖွဲ့နဲ့ ဥပဒေအထောက်အကူပြု ကွန်ရက် Legal Aid Network (LAN) အဖွဲ့တို့ ပူးပေါင်းပြီး တရားမျှတမှုကို ရှာဖွေခြင်း နှီးနှော ဖလှယ်ပွဲ Seminar on seeking justice တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
2016-01-19
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံ သဘောတရားတွေ၊ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တောင်းခံထားတဲ့ ဘတ်ဂျက်တွေထဲက ငွေကျပ် ဘီလီယံ ၆၀၀ ကျော်ကို ဖြတ်တောက် ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2016-01-16
နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ၅ ရက် ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဒီကနေ့ အဆုံးသတ်လိုက်ပါတယ်။
2016-01-16
အစိုးရကဦးဆောင်ပြီး နေပြည်တော်မှာ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ " ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ" ဟာ ပြီးဆုံး သွားပြီဖြစ်ပါတယ်။
2016-01-16
ပြည်ထောင်စုလွတ်တော်မှာ စစ်တပ်နဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်စပ်နေတာနဲ့ ပတ်သက်ပြီး NLD ပါတီလွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးခဲ့တဲ့ အပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူုရ ဦးရွှေမန်းက သတိပေးတားမြစ်ခဲ့တာနဲ့ ပတ်သက်လို့ RFA မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-01-16
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ နိုင်ငံတော် လုံခြုံရေးနဲ့ နိုင်ငံရေးဆိုပြီး ခေါင်းစဉ် ၂ မျိုးအောက်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-16
လာမယ့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်မယ့် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2016-01-15
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ဒီကနေ့ ၃ ရက်မြောက်နေ့မှာ ဆွေးနွေး ခဲ့ကြပါတယ်။
2016-01-15
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေက တင်ပြတောင်းခံရာ လွှတ်တော်ကိုယ်စားလှယ်တချို့က အသုံးစရိတ်တွေ လျှော့ချဖို့အတွက် မနေ့က ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
2016-01-15
ဖေဖော်ဝါရီလ ၁ ၇က်နေ့မှာ ကျင်းပမယ့် လွှတ်တော်ထဲမှာ ၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ဝင်ရောက်ဆွေးနွေးငြင်းခုန်နေကြမယ့်အချိန်မှာ လွှတ်တော်ကိုစွန့်ခွာကြရမယ့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ ဘာဆက်လုပ်ကြမလဲ။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာဥပဒေကို အမျိုးသားလွှတ်တော် မှာဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သမ္မတထမ်းဆောင် ခဲ့သူတွေအတွက် ဒီဥပဒေလိုအပ်တယ်ဆိုပေမယ့် သမ္မတကို ဥပဒေရဲ့အထက်မှာ ပုံဖော်တာမျိုး မဖြစ်စေဖို့ သတိထားရမှာဖြစ်တယ် လို့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2016-01-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီးဒေသတစ်ဝိုက်က ဘိန်းစိုက်ခင်းတွေကို မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ရက်ပိုင်းက ဘိန်းခင်း ဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
2016-01-14
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၄ ဦး ဆွေးနွေးခဲ့ပါတယ်။