ကချင်ဆရာမနှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ
2016.01.19
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းခါးကျေးရွာမှာ ကချင်အမျိုးသမီး လုပ်အားပေး ဆရာမနှစ်ဦး မတရားပြုကျင့်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT အဖွဲ့နဲ့ ဥပဒေအထောက်အကူပြုကွန်ရက် Legal Aid Network (LAN) အဖွဲ့တို့ ပူးပေါင်းပြီး တရားမျှတမှုကို ရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ Seminar on seeking justice တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် ဦးအောင်မိုးမြင့် ဆက်လက်တင်ပြပါမယ်။